Sunday, January 4, 2015

Android Battery Virus သတိပေးချက်

Android ဖုန်းအသုံးပြုနေသူများသို့ Android Battery Virus အကြောင်း အသိပေးပါရစေ။
 ဖုန်းအတွင်း Internet အသုံးပြုခြင်း ၊ Buletooth များအသုံးပြုခြင်းတို့ကြာင့် အများဆုံး ၀င်ရောက်ပါတယ်။
 အဓိက ပြန့်နှံ့တာကတော့ အင်တာနက်ကနေ ဖြစ်ပါတယ် Android ဖုန်း အသုံးပြုနေသူ User များရဲ့
 Android Battery စနစ်ကို တိုက်ခိုက်တဲ့ Virus ဖြစ်ပါတယ်။ ဘယ်လို အကျိုးသက်ရောက်မှုရှိသလဲဆိုရင်
 ဒီ Virus ၀င်ရောက်တိုက်ခိုက်ခံရသည့် Android Phone ရဲ့ Battery ဟာ အရင်လောက် အား (Power)
 သက်တမ်းကြာရှည် မခံတော့ခြင်း ၊ Battery အကုန်မြန်စေပြီး Battery ကုန်လို့ အားသွင်းလိုက်ရင်လည်း
 ငါးမိနစ် ဆယ်မိနစ်ဖြင့် Battery အားပြည့်ကြောင်းပြခြင်း ၊ သုံးလိုက်ပါက ချက်ချင်းကုန်သွားခြင်း ၊ အဆိုးဆုံး
 အဆင့်တွင် Virus Attack ဖြစ်နေတဲ့ Android ဖုန်းမှာ လုံးဝ Battery သုံးမရတော့ခြင်းတို့ ဖြစ်ပေါ်လာပါတယ်။
 ဒီလိုမျိုး ကြုံတွေ့လာရပြီဆိုရင်တော့ ဖုန်းမှာ Antivirus တင်ထားလဲ ခဏတာသာ ထိန်းချုပ်နိုင်ပြီး
လုံးဝသတ်ပစ်ဖို့တာ့ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုဖြစ်လာခဲ့ရင် အကောင်းဆုံး ဖြေရှင်းနည်းက
 ဖုန်းရဲ့ SD Card ကို Format ချပစ်ပါ။ ပြီးတာနဲ့ မိမိရဲ့ ဖုန်းကို Factory Reset ချပစ်ပါ။ SD Card များကို
 တစ်ဦးနှင့်တစ်ဦး လဲလှယ်အသုံးပြုခြင်း တတ်နိုင်သမျှ ရှောင်ပါလို့ အသိပေးအပ်ပါတယ်။

Credit: Original Aurthor

Zip apk

ဖုန်းထဲမှာတင် zip fileတွေဖြည်လို့ရမည့်apk လေးပါ ကဲ လိုချင်ရင်တော့ အောက်မှာ ဒေါင်းလိုက်ပါhttp://pc.cd/NDN